စားသောက်ဆိုင် သေးသေးလေးဖြစ်စေ၊ အကြီးကြီးဖြစ်စေ POS System ကလိုအပ်ပါတယ်။ ဘာလိုလဲဆိုတော့ သင့်စားသောက်ဆိုင်မှာ သင်မသိဘဲ စိတ်ပျက်သွားတဲ့ customer တွေအများကြီး ရှိနေလို့ပါ။ (၁) သင့်ဆိုင်က Waiter အနေနဲ့ Customer မှာတဲ့ အစားအသောက်တွေကို အမြဲတမ်းမှန်နေအောင်မှာဖို့ မဖြစ်နိုင်ပါဘူး။ မှာတဲ့ပွဲမဟုတ်လို့ ပြန်လျော်ရတဲ့ customer တွေရှိသလို "ထားလိုက်ပါ" ဆိုပြီး စိတ်ပျက်သွားတဲ့ customer တွေလဲရှိမှာပါ။ (၂) စားသောက်ပြီးလို့ ပိုက်ဆံရှင်းတဲ့အခါ waiter က စိတ်တွက်နဲ့ ပေါင်းလိုက်လို့ အမြဲတမ်းမှန်ကန်နေမှာ မဟုတ်ပါဘူး။ Waiter ကမမြင်လိုက်လို့ သူဌေးဘက်က နစ်နာတာလဲရှိသလို ပိုပေါင်းမိလို့ customer ဘက်က စိတ်ထင့်သွားတဲ့ အချိန်တွေလဲရှိမှာပါ။ (၃) ပိုက်ဆံရှင်းတဲ့အချိန်မှာတောင် customer ဘက်က ကျသင့်လွဲမှားနေတယ်လို့ ထင်တဲ့အခါ "ဟိုဟာဘယ်လောက်လဲ၊ ဒီဟာဘယ်လောက်လဲ" လိုက်မေးတဲ့ အချိန်မျိုးရှိမှာပါ။ အမှန်တော့ Voucher လေးထုတ်ပေးနိုင်ရင် ဒါမျိုးတွေက ဖြစ်လာစရာအကြောင်း မရှိပါဘူး။
စားသောက်ဆိုင် နေရာအနှံ Wifi မိရန်အတွက် Router လိုအပ်ပါတယ်။ အကျယ်အဝန်းပေါ်မူတည်၍ Router အကြီးအသေးကွာနိုင်သလို အခန်းများပါက Wifi Repeater များပါလိုအပ်နိုင်ပါတယ်။ Reception အတွက် Computer PC (သို့မဟုတ်) Laptop လိုအပ်ပါတယ်။ Waiter နှင့် စားဖိုဆောင်အတွက် Tablet များလိုအပ်ပါတယ်။ ဆိုင်ရှင်အနေနဲ့ အိမ်မှ ဘယ်လောက်ရောင်းရလဲ ကြည့်လိုပါက ဆိုင်မှာ Internet တပ်ထားရန်လိုအပ်ပါသည်။